Mobile Money ဝန်ဆောင်မှု အတွက် Agent ပေါင်း ၁ သောင်း နီးပါးထားရှိမည်
=====Agent ပေါင်း ၉၈၁၀ ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လူဦးရေ အပေါ်မှီတည်၍ ထားရှိသွားမည်ဖြစ်ပြီး Agent များ အနေဖြင့် Mobile Money လုပ်ကိုင် ဆောင်ရွက်ရာတွင် နစ်နာမှုများ ရှိခဲ့ပါက အကျိုးခံစားခွင့်ကို ပြန်လည် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ယနေ့ Mobile Money မိတ်ဆက်ပွဲမှ သိရသည်။
Mobile Money ဝန်ဆောင်မှု လုပ်ငန်း၌ Super Agent လုပ်ကိုင်လိုပါက သိန်း ၂၅၀ မှ သိန်း ၁၀၀၀ကြား၊ Agent အနေဖြင့် လုပ်ကိုင်လိုပါက သိန်း ၅၀ မှ သိန်း ၂၅၀အကြား အပေါင်ငွေ ပေး သွင်းရမည်ဟု အင်းဝဘဏ်မှ သတ်မှတ်ထား ရှိသည်။
“ကျွန်တော်က အခု သိန်း ၅၀ ထည့်ထားတယ်။ ကျွန်တော်တို့ အနေနဲ့က ငွေကြေး လွှဲပြောင်းတဲ့အပေါ်မှာ ရာခိုင်နှုန်း တစ်ခု သတ်မှတ်ပြီး အမြတ်ရတယ်။ တကယ်တော့ အပေါင်ငွေ ထည့်ရတာ များတယ်။ အသေးစား စီးပွားလုပ်ငန်း အနေနဲ့ သူတို့က ရည်ရွယ်ထားပေမယ့် ကိုယ်တွေအနေနဲ့ ကတော့ များနေသေးတယ်။ များများ လည်ပတ်ရင်တော့ တစ်မျိုးဖြစ်လာနိုင်တယ်။ ဘယ်လောက် လည်ပတ်မယ်ဆိုတာ မသိတော့ ကိုယ်ကငွေကို ထည့်ပြီး ရန်ထားရတယ်” ဟု Agent တစ်ဦး အဖြစ် လုပ်ကိုင် နေသည့် ဦးမျိုးမင်းက ပြောသည်။
အပြည့်အစုံဖတ်ရန် ===> http://
Source:Internet Journal
No comments:
Post a Comment